တကိုယ်ရည်ခေါင်းဆောင်မှုဖွံ့ဖြိုးရေးသင်တန်း
[Self-Leadership Development Training]
* သင်္ကြန်ပိတ်ရက်အတွင်း ၁၀၀% ပညာဒါန အနေနဲ့ သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။

ခက်ခဲကျပ်တည်းပြီး မတည်ငြိမ်တဲ့ လောကရဲ့ နိယာမတွေကြားမှာ နေ့စဉ်နဲ့အမျှရုန်းကန်ကြိုးစားနေကြရတဲ့အခါ ကျွန်မတို့ အနေနဲ့ မျှော်လင့်ထားတာတွေ ဖြစ်လာသလို၊ မမျှော်လင့်ထားတာတွေလည်း ခက်ခက်ခဲခဲရင်ဆိုင်ကြရပါတယ်။ ဘယ်လိုမျိုးအခက်အခဲပြဿနာပဲ ကြုံကြုံ ကျွန်မတို့ အနေနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြရတာပဲ မဟုတ်ပါလား?
ကျွန်မတို့ ဘဝမှာ အဆင်မပြေမှုတွေ၊ အခက်အခဲပြဿနာတွေကို မျှော်မှန်းမထားတာထက် ကြုံတွေ့ရင်ဆိုင်ရတဲ့အခါ စိတ်တိုလွယ်လာတယ်၊ ဒေါသထွက်လွယ်လာတယ်၊ အနီးအနားက မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းအသိမိတ်ဆွေတွေကို အပြစ်မြင်တတ်လာတယ်၊ မကောင်းတဲ့အတွေးခံစားချက်တွေနဲ့ သူတပါးကို အလွယ်တကူ အပြစ်တင်တတ်လာကြပါတယ်။
ကျွန်မတို့ အနေနဲ့ မိသားစုထဲမှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ရှိနေပြီးသားဆက်ဆံရေးကောင်းတွေကို တားဆီးမရတဲ့ပြင်ပကဝင်လာတဲ့ အနုတ်သဘောဆောင်မကောင်းတဲ့အရာတွေကြောင့် ကိုယ့်ကိုယ်ကို အပြစ်မြင်တတ်လာပြီး မကောင်းတဲ့အတွေး သံသရာစက်ဝိုင်းထဲမှာ နှစ်မြုပ်နေကြရပါတယ်။
ဒီလိုမျိုး ကျပ်တည်းခက်ခဲတဲ့ ကာလမှာ ကျွန်မတို့ အနေနဲ့ လူငယ်မှလူငယ်သို့ ကူညီပံ့ပိုးခြင်း အစီအစဉ်ကို ဘေးကျပ်နံကျပ်ကာလမှာ ကိုယ့်ကိုယ်ကို ဘယ်လိုဦးဆောင်မလဲ "Self-Leadership Development Training"ကို သင်္ကြန်ပိတ်ရက်အတွင်းမှာ ၁၀၀% ပညာဒါန အနေနဲ့ သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။
ဒီသင်တန်းပြီးသွားတဲ့အခါ .......
မိမိကိုယ်ကို မိမိ ဦးဆောင်တတ်လာမယ်။
အခက်အခဲကြားထဲမှာ ကိုယ့်အတွက် ကောင်းကျိုးဖြစ်ထွန်းမယ့် အတွေးခေါ်တွေကို ရှာဖွေတတ်လာမယ်။
မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း (Self-control ) အားကောင်းလာမယ်။
အပြုသဘောဆောင်တွေးခေါ်တတ်တဲ့ နှလုံးရည် (EQ) အားကောင်းလာမယ်။
စိတ်ပိုင်းဆိုင်ရာ အရည်အသွေးမြင့်မားလာမယ်။
ပြဿနာတွေကို မတူညီတဲ့ ရှုထောင့်ကနေ ကြည့်တတ်ပြီး ရင်ဆိုင်တတ်လာပါမယ်။
ဘယ်သူတွေတက်ရောက်နိုင်လဲ?
တကိုယ်ရည်ခေါင်းဆောင်မှုဖွံ့ဖြိုးရေးသင်တန်းကို စိတ်ပါဝင်စားသူ မည်သူမဆို စာရင်းသွင်းလျှောက်ထားနိုင်ပါသည်။ ကျွန်မတို့ ALC team မှ လျှောက်ထားသူများကို ကန့်သတ်လူဦးရေဖြင့် ရွေးချယ်သွားမှာဖြစ်ပါတယ်။

ကိုသိန်းအောင်
ဘယ်သူမျှဝေသင်ကြားမှာလဲ?
ကိုသိန်းအောင်သည် Training, Coaching & Consulting နယ်ပယ်တွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး အခကြေးငွေယူ၍သော်လည်းကောင်း၊ အခမဲ့သော်လည်းကောင်း လူငယ်များကို တဖက်တလမ်းမှကူညီပံ့ပိုးနေသူဖြစ်ပါတယ်။
View Full Profileလူငယ်မှလူငယ်သို့
ကိုယ့်ကိုယ်ကို ဘယ်လိုဦးဆောင်မလဲ?
အရည်အသွေးရှိသော ခေါင်းဆောင်မှုဆိုတာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်ခြင်းကနေ စတင်ပါတယ်။ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်ပါ။
အခုပဲ စာရင်းပေးသွင်းပါ