Latest Activities.

Discover our newest programs, community initiatives, and opportunities to join our growing ecosystem.

New Training
Unlock Yourself Training Program

Unlock Yourself
Discover Your Potential Through NLP

ကိုယ့်ကိုယ်ကို နားလည်ဖို့၊ အတွေးအခေါ်၊ အပြောအဆိုနှင့် အပြုအမူတွေကို ပိုသတိရှိစွာစီမံနိုင်ဖို့၊ Next Level ကို Upgrade လုပ်လိုသူတွေ အတွက် အထူးဒီဇိုင်းဆွဲထားတဲ့ (၄) ရက်တာ Unlock Yourself Training ပြီးမြောက်အခါ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်နဲ့ တန်ဖိုးထားမှုတွေကို ပိုမိုနားလည်လာပြီး ရည်ရွယ်ချက်ရှိတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ပါတယ်။

01

Purpose & Goals

ဘဝကို ရည်ရွယ်ချက်ရှိရှိ ဘယ်လိုနေထိုင်ကြမလဲ။

02

Finding Opportunity

အခက်အခဲကြားထဲမှာ အကျိုးကျေးဇူးဖြစ်ထွန်းမယ့် အရာတွေကို ဘယ်လို ရှာဖွေမလဲ။

03

Self Control

မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကောင်းအောင် ဘယ်လိုမျိုးပျိုးထောင်မလဲ။

04

Emotional Intelligence

နှလုံးရည် (EQ) အားကောင်းလာအောင် ဘယ်လိုမျိုး လုပ်ဆောင်မလဲ။

Dates

Aug 27, 28, 29, 30

Time (MMT)

7:00 PM – 9:30 PM

4 Full Days
Course Fee: Free

Guest Facilitators

Thein Aung — Certified Coach & Youth Development Trainer

Moe Moe Myat Aung — Head of HR, Career & Performance Coach

Coach Introduction

Meet Our Life Coach

Coach Thein Aung

Life Coach

Thein Aung

Coach မိတ်ဆက်

ကျွန်မတို့ အာတောင်သင်ကြားရေးစင်တာ (ALC) အနေနဲ့ အသက် ၁၆ နှစ် မှ ၃၀ နှစ်အတွင်းရှိတဲ့ နိုင်ငံတဝှမ်းမှ စုံလင်ကွဲပြားတဲ့ လူငယ်များကို တဖက်တလမ်းကနေ ကူညီနိုင်ဖို့ စွမ်းရည်မြှင့်တင်ရေးပရိုဂရမ်ကို ပံ့ပိုးလုပ်ဆောင်လျက်ရှိနေပါတယ်။ ဒီပရိုဂရမ်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှ စတင်ခဲ့ပြီး ဧပြီလ ပထမအပတ်အတွင်း ပြီးမြောက်မှာဖြစ်ပါတယ်။

YEP program ကို အောင်မြင်စွာပြီးမြောက်သူများထဲမှ စာသင်ချိန်အတွင်း တက်ကြွစွာပါဝင်သင်ယူခဲ့သူများ နဲ့ Coaching ပြုလုပ်လိုသူများကို ကျွန်မတို့ ALC Team ကနေ စိစစ်ရွေးချယ်ပြီး Life Coaching ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်မတို့ အနေနဲ့ Life Coaching ပြုလုပ်ပေးမယ့် Coach သိန်းအောင် ကို မိတ်ဆက်ပေးလိုက်ပါတယ်။

Coach သိန်းအောင်သည် Coaching ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် စုံလင်ကွဲပြားသော လူငယ်များကို တဖက်တလမ်းမှ Life Coaching ပညာဖြင့် ကူညီပေးလျက်ရှိပါတယ်။

Message from Coach

မင်္ဂလာပါခင်ဗျာ

ကျနော်က Coaching ပညာနဲ့ ကူညီပေးမယ့် သိန်းအောင်ပါ။

ကျနော်တို့အနေနဲ့ ခက်ခဲကျပ်တည်းတဲ့ကာလမှာ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရင်း၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ရှာဖွေရင်းနဲ့ အနာဂတ်ကို တည်ဆောက်နေရတဲ့အချိန်မှာ ဘဝဟာ ရှုပ်ထွေးတာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ အထီးကျန်တာမျိုးတွေ ခံစားရတတ်တယ်ဆိုတာကို ကောင်းကောင်းလေး တွေ့ကြုံနားလည်ထားပါတယ်။

ကျနော့်အနေနဲ့ International Coaching Federation - ICF ရဲ့ဖီလိုဆိုဖီ ဖြစ်တဲ့

လူတိုင်းဟာ ပင်ကိုယ်ကတည်းက စွမ်းဆောင်ရည်ရှိသူ (Resourceful)

တီထွင်ကြံဆနိုင်သူ (Creative)

ပြည့်စုံပြည့်၀သူများ (Whole) ဖြစ်ကြတယ်

ကျနော်တို့ဆီမှာ ပိတ်မိနေတဲ့ ကန့်သတ်ယုံကြည်စိတ်တွေကို အသိအလိမ္မာခွန်အားတွေ၊ ဉာဏ်ပညာတွေနဲ့ ပြန်လည်နာလန်ထူဖို့ အလားအလာကောင်းတွေ ရှိပြီးသား သူတွေပါ။

ကျနော်နဲ့ အတူ Coaching လုပ်တာက အကြံပေးတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ကိုယ်ပိုင်အဖြေတွေကို ကျနော်တို့ကိုယ်တိုင် ရှာဖွေတွေ့ရှိဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ဖို့နဲ့ ကျနော်တို့ရဲ့ ပန်းတိုင်တွေဆီကို အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနိုင်ဖို့ ကူညီပေးခြင်းမျိုးသာ ဖြစ်ပါတယ်။

မကြာခင်ဆုံတွေ့ကြပါမယ် ခင်ဗျာ။

Learn More About Coaching
Upcoming Webinar

How to improve your
personal branding

Youth Empowerment Program ပြီးတဲ့နောက် ကိုယ့်ဘဝ ကိုယ့်ရည်မှန်းချက်တွေကို အကောင်ထည်ဖော်တဲ့အခါ ထိရောက်တဲ့ ပံ့ပိုးမှုဖြစ်ဖို နောက်ဆက်တွဲ ကူညီပံ့ပိုးခြင်းအစီစဉ်အနေနဲ့ စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။

Public Relationship
Commitment & Accountability
Well planning
Personal behaviour and fashion
Q&A session

Guest Speaker

လူမှုကူညီရေးနယ်ပယ်တွင် ၁၇ နှစ်ကျော် အတွေ့အကြုံရှိပြီး ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။

Executive Director & Consultant
Panelist at Forum on Rural Development (SE Asia)
Panelist at Chiang Mai & Xinhua Universities

Date

04 April 2026

Time (MMT)

7:00 PM

Register Now
Zoom Platform
Personal Branding Webinar Poster
English Learning Webinar Poster
Past Webinar

Tips and Tricks for English
Learning to Level Up

အင်္ဂလိပ်စာလေ့လာနေတဲ့ကျောင်းသူ/သားတွေ၊ IELTS ဖြေဖို့ ပြင်ဆင်နေတဲ့သူတွေအတွက် လက်တွေ့ကျပြီး အသုံးဝင်သောနည်းလမ်းများ ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Ko Wine Du

IELTS Overall Band Score 8.0

Diploma in Arts and Social Science
Myitkyina, Kachin State

Date

28 Feb 2026

Time (MMT)

7:00 – 8:00 PM

Session Completed
New Program
Announcement Poster

Youth Empowerment Program
(Batch 1/2026)

Develop self-confidence and practical skills to become a valuable contributor to your community. Specifically designed for youth aged 16 to 30 from all diverse ethnic backgrounds across Myanmar.

01

Neurolinguistics Programming (NLP)

စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း။

02

Civic Education

နိုင်ငံသားတန်ဖိုးများ နှင့် ပြည်သူ့ရေးရာ ဗဟုသုတများ။

03

English for Pre-Level

အင်္ဂလိပ်စာ အခြေခံစကားပြောနှင့် နားထောင်ခြင်း။

04

IT & AI Fundamentals

နည်းပညာအခြေခံ နှင့် AI အသုံးချနည်းများ။

2 Full Months
Course Fee: Free
Position Filled

Internship
Opportunity.

We are looking for active and passionate youth to join our Youth Empowerment Program as interns. အလုပ်သင်အခွင့်အလမ်း — Gain hands-on experience in education and community development.

How to Apply

1Submit CV Form
2Brief Motivation Letter

Email Application

Application deadline: January 20, 2026, 5:00 PM

Send Application